Thursday, May 31, 2018

Synopsis

ဒီတခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးက တော့ Horror-Drama အမျိုးအစားလေးဘဲဖြစ်ပါတယ်
တောအုပ်ထဲက အိမ်တအိမ်မှာ အဖေနဲ့ အတူနေထိုင်တဲ့ ကောင်မလေးတယောက်… တနေ့ တောအုပ်ထဲမှာ အတိတ်တွေကိုပြောင်းလဲနိုင်တဲ့ ထူးဆန်းတဲ့ ကုဗတုံးကြီးကိုတွေ့ရှိတဲ့အခါ…
အိမ်ကိုရောက်လာတဲ့ တစိမ်းတွေရန်က ကာကွယ်နိုင်ပါ့မလား… ရန်သူတွေကဘယ်သူတွေလဲ…. ရန်သူတွေက သူတို့ကိုယ်တိုင်လား….
ဒွိဟများစွာနဲ့ ဆန်းသစ်တဲ့ ရသကိုပေးမယ့် ကားလေးတကားဖြစ်ပါတယ်….

Video trailer


Black Hollow Cage

Black Hollow Cage (2017) မြန်မာစာတမ်းထိုး

Synopsis

ဘဝမှာ လောကကိုကောင်းကျိုးပြုတဲ့နေထိုင်မှုတွေ နဲ့ ဖြတ်သန်းနေပြီး ပျောက်ဆုံးနေတဲ့သမီးကိုရှာနေတဲ့ မင်းသားကြီး Dasari Sivaji(Mohan Babu) အကြောင်းအရင်းအမှန်ကိုမသိဘဲ ဖခင်ကိုအမုန်းကြီးမုန်းနေတဲ့ သမီးGayathri(Nikhila Vimal) သရုပ်ဆောင်အမှုမှာ တဖက်ကမ်းခတ်ထူးချွန်လို့ ဇာတ်စင်ပေါ်မှာသာမဟုတ်ဘဲ တကယ့်ဘဝမှာပါ အစားထိုး သရုပ်ဆောင်နေထိုင်မှုတွေလုပ်တဲ့ အဖေရဲ့ အလုပ်အကိုင်… ဘဝတဆစ်ချိုးပြောင်းလဲမှုတွေ… အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကိုမျက်ဝါးထင်ထင်မြင်ရမယ့်… ဇာတ်ကားကောင်းတကားဖြစ်ပါတယ်

Video trailer


 గాయత్రి


Gayatri (2018) မြန်မာစာတမ်းထိုး

Synopsis

အမျိုးသမီးတစ်ယောက်ဟာ ကား အက်ဆီးဒင့်တစ်ခုကြောင့် ကိုမာဖြစ်ပြီး နိုးလာခဲ့တယ်ပါတယ်။
အဲဒီအချိန်ကစပြီး သူမဟာ ရှေ့မှာဖြစ်မယ့်အကြောင်းအရာတွေကြိုပြီး မြင်လာရတယ်။ သူမရဲ့
အမြင်အာရုံထဲမှာ တခါတခါ ပေါ်လာတဲ့လူတွေရဲ့ ပုံတွေက မသကာင်္စရာတွေ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်မို့ သူမရဲ့ ကားအက်ဆီးဒင့်အကြောင်းကို သူမက ဆက်တိုက် စုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူမက သူမရဲ့ ရှေ့ဖြစ် အာရုံကို အသုံးပြုပြီး လူသတ်မှုတွေကို ဘယ်လို
ဖော်ထုတ်လဲဆိုတာ ပရိတ်သတ်ကြီး အသည်းတထိတ်ထိတ်နဲ့ ရှုစားရမှာဘဲ ဖြစ်ပါတယ်။

Video trailer 


Last Seen in Idaho

Last Seen in Idaho (2018) မြန်မာစာတမ်းထိုး

Synopsis

ဒီဇာတ်ကားလေးကတော့ ယာကူဇာတွေအကြောင်းကို ခပ်ကြမ်းကြမ်း
ရိုက်ပြထားတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့
ပေးချင်တဲ့ message လေးကတော့ နောက်ဆုံးမှာ
ယာကူဇာတွေရဲ့ ဘ၀မှာ ၀မ်းနည်းမှုနဲ့ ဘာမှ မပိုင်ဆိုင်ခြင်းတွေဘဲ
ရှိတယ်ဆိုတာကို ပိုင်နိုင်စွာ ရိုက်ပြထားပါတယ်။ ဒီဇာတ်လမ်းမှာဆိုရင်
တာကဲရှိ ကီတနိုရဲ့ အမှောင်လောကမှာရှိတဲ့ လွှမ်းမိုး အုပ်ချုပ်ခြင်းတွေ၊
ခေါင်းဆောင်နေရာရဖို့ အားပြိုင်မှုတွေနဲ့ သွေးအေးစွာ လူသတ်တဲ့
အကြောင်းတွေကို ပြောင်မြောက်စွာ ဘယ်လို သရုပ်ဖော်ထားတယ်ဆိုတာကို
ပရိတ်သတ်ကြီး စိတ်ဝင်တစား ကြည့်ရှုရမှာပါ

Video trailer


Outrage Coda 

Outrage Coda (2017) မြန်မာစာတမ်းထိုး


Synopsis

ဒီ fod ဆိုတဲ့ကားလေးကိုတော့လူတိုင်းသိကျမှာပါ
အခုတလောနာမည်ကြီးနေတဲ့ တရုတ်သိုင်းကားလေးပါ
လွန်ခဲ့တဲ့နစ်ပေါင်းများစွာကကမ္ဘာပေါ်ကိုဥက္ကခဲကြီးတစ်တုံး
ပြုတ်ကျလာခဲ့ပီးတော့အဲ့အပိုင်းအစတွေကနေရာအနှံအပြားကို
ပြန့်နှံသွားခဲ့တယ် အဲ့အပိုင်းအစတွေမှာပါတဲ့အရာတွေကိုလေ့လာပီးတော့
လူသားတွေကတာအိုဘာသာကိုလေ့လာတတ်မြောက်လာခဲ့တယ်

နစ်ထောင်ပေါင်းများစွာကြာပီးတဲ့နောက်မှာတော့

Video trailer


择天记

Episode 1

Fighter of the Destiny

Synopsis

၂၀၁၄ တုန်းက ပီတာကွင်းလ်၊ဂါမိုရာ၊ ဒရက်၊ ရော့ကက်နဲ့ ဘေ ဘီဂရုတ်ထ်တို့ဟာ ဂလက်ဆီကိုကာကွယ်စောင့်ရှောက်သူတွေအဖြစ် လူသိများပါတယ်။ပီတာကွီးလ် ခေါင်းဆောင်တဲ့ စူပါဟီးရိုးအဖွဲ့ ကို စွမ်းအားမြင့်ဂြိုဟ်သားမျိုးနွယ် စုဖြစ်တဲ့ ဆိုဗာရိန်းတွေကအဖိုး တန်ဘက်ထရီတွေကို လူဆိုးတွေ ရန်က ကာကွယ်ဖို့အတွက် ငှား ရမ်းခဲ့ပါတယ်။အဲဒါတွေထဲက တချို့ကို ရော့ကက်က ခိုးယူလာခဲ့တဲ့အ တွက် ဆိုဗာရိန်းတွေက သူတို့အ ဖွဲ့ရဲ့ယာဉ်ပျံကိုဒရုန်းတွေနဲ့ လိုက်လံတိုက်ခိုက်ပြီး အဲဒီဒရုန်းတွေ ကို ထူးဆန်းတဲ့အရာတစ်ခုက ဖျက်ဆီးပေးပေမယ့်လည်းဂါးဒီး ယန်းအဖွဲ့ဟာ သူတို့ရဲ့ယာဉ်ပျံကို နီးစပ်ရာဂြိုဟ်တစ်ခုမှာ ဆင်းသက်ခဲ့ရပါတယ်။

Video trailer


Guardians of the Galaxy Vol. 2


Guardians of the Galaxy Vol. 2 (2017)

Synopsis

Light years from Earth, 26 years after being abducted, Peter Quill finds himself the prime target of a manhunt after discovering an orb wanted by Ronan the Accuser.

Video trailer

Guardians of the Galaxy

Guardians of the Galaxy (2014)

Synopsis

ပင်လယ်ဓားပြဘုရင်ကြီးGold Rogerရဲ့ One pieceရတနာကို သေခါနီးမှာ
ချန်ရစ်ခဲ့တယ်ဆိုတဲ့သတင်းကြောင့် လူတော်တော်များများပင်လယ်ထဲ
မှာ One Piece အရှာထွက်ကုန်ကြပါတယ်..။ ကောက်ရိုးဦးထုပ်လို့
လူသိများတဲ့Luffyဟာလည်း အိပ်မက်ကိုယ်စီရှိတဲ့ အဖွဲ့ဝင်၈ယောက်ကိုစုစည်းပြီး
ကမ္ဘာသစ်မှာစွန့်စားခန်းတွေကိုရင်ဆိုင်နေပါတော့တယ်..။

Video trailer

One Piece

One Piece

Synopsis

ဒီတခါ Gold Channel ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးမှာကတော့ Pretty Noona ဆိုပြီး နာမည်ကြီးနေတဲ့ မင်းသမီး ဆုန်းရီဂျင်းရဲ့ ဇာတ်ကားကောင်းလေးတကားဖြစ်ပါတယ်။
သေဆုံးသွားပြီးနောက် တနှစ်အကြာ မိုးရာသီရောက်ရင်ပြန်လာမယ်ဆိုပြီး သားနဲ့ ခင်ပွန်းကို ကတိထားခဲ့တဲ့ အင်ဆူဟာ (ဆုန်းရီဂျင်း)
ဇနီးမရှိတဲ့အချိန်မှာသားလေးကို အကောင်းဆုံးပြုစုပျိုးထောင်နေတဲ့ ဂျောင်းဝူဂျင်း (ဆိုဂျီဆတ်) … မိုးစရွာတဲ့တနေ့မှာ မိခင်ဖြစ်သူက တကယ်ပြန်ရောက်လာတဲ့အခါ…..
ဘာတွေဖြစ်ကြမလဲ…. မိုးရွာသီကုန်သွားရင်ကော ဘာတွေဆက်ဖြစ်ကြမလဲ…. စိတ်ဝင်စားစရာ ဇာတ်ကားတကားဖြစ်ပါတယ်……

Video trailer


지금 만나러 갑니다

Be With You (2018) မြန်မာစာတမ်းထိုး

Synopsis

ဒီတ ​ခေါက်​ မိတ်​ဆက်​​ပေးချင်​တဲ့ ဇာတ်​ကား​​လေးက​တော့ သိပ္ပံကားနဲ့သည်းထိတ်​ရင်​ဖိုကား​တွေကိုကြိုက်​နှစ်​သက်​တဲ့သူ​တွေအတွက်​ ၂၀၁၇တုန်းက ထွက်​ရှိခဲ့တဲ့ Incontrol ဆိုတဲ့ ကား​လေးပါ Rating က​တော့ IMDB မှာ 4.7/10 ရထားပါတယ်
တက္ကသိုလ်​​ကျောင်းသားတစ်​စု က ထူးဆန်းတဲ့ စက်​ တစ်​မျိုးကို ရှာ​ဖွေ​တွေ့ရှိခဲ့ပါတယ်​ အဲ့device က​တော့ အခြားသူတစ်​ဦးရဲ့ ခန္ဓာကိုယ်​ထဲကိုဝင်​ ထိန်းချုပ်​နိုင်​တဲ့ ကိရိယာမျိုးပါ အဲ့ဒီစက်​ရဲ့ လုပ်​​ဆောင်​နိုင်​စွမ်းထက်​ပိုပြီး အသံုးပြုလိုက်​တဲ့အခါမှာ သူတို့အတွက်​ ဘယ်​လို​အ​ဖြေရှာစရာ​တွေဖြစ်​လာမလဲဆိုတာ ကြည့်​ရှုလိုက်ပါ​နော်

Video trailer


Incontrol

Incontrol (2017) မြန်မာစာတမ်းထိုး

Synopsis

ဒီကားလေးကတော့ 2018 မှာထွက်ရှိလာတဲ့အက်ရှင်ကားသစ်လေးတစ်ကားဖြစ်ပါတယ် French ဆိုတာတိုက်ခိုက်ရေးကျွမ်းကျင်လွန်းတဲ့လူတစ်ယောက်ဖြစ်ပီးသူ့ဟာငွေတိုးချေးစားသူတွေအတွက် အကြွေးလိုက်တောင်းပေးသူအနေနဲ့အလုပ်လုပ်နေတဲ့လူမိုက်တစ်ယောက်ဖြစ်ပါတယ် သူ့အလုပ်ဟာအချိန်တစ်ခုအထိသာမန်လွယ်ကူတဲ့အလုပ်တစ်ခုအနေနဲ့ရှိနေခဲ့ပင်မဲ့ တစ်ရက်မှာတော့လူတစ်ယောက်ကသူ့ကိုအလုပ်တစ်ခုလာအပ်တဲ့အချိန်မှာတော့ အကုန်လုံးကပြောင်းလဲလာပါတော့တယ် သူ့ရဲ့အေးချမ်းတဲ့ဘဝကလဲပျက်စီးဖို့ဖြစ်လာခဲ့ပီးတော့ အသက်ရှင်ဖို့အတွက်ပါအသည်းအသန်ကြိုးစားဖို့ဖြစ်လာခဲ့ပါတော့တယ်

Video trailer

The Debt Collector

The Debt Collector (2018) မြန်မာစာတမ်းထိုး

Synopsis

ဒီဇာတ်ကားမှာတော့ ဆရာ တော် ရှန်ကျန်းနဲ့ တပည့်ကျော် သုံးဦးဖြစ်တဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်းတို့တွေ မိန်းမလှနိုင်ငံကို ရောက် သွားပြီး ကြုံဆုံရတာတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။
ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့ စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ တိုင်း ပြည်ပဲ ဖြစ်ပါတယ်။


Video trailer

 

The Monkey King 3

The Monkey King 3 (2018)

Synopsis

ဒီကားလေးကတော့စူပါပါဝါတွေသုံးပီးတော့လောင်းကစားလုပ်တဲ့ကားလေးပါ
Maykl ဆိုတဲ့လူငယ်လေးဟာလောင်းကစားဝိုင်းတွေကိုလိမ်တဲ့နေရာမှာအကွက်ကျကျစီမံပီးတော့
လိမ်လည်ပီးအမြတ်အစွန်းများစွာရအောင်ဖန်တီးနိုင်သူဖြစ်ပါတယ် ဒါပင်မဲ့တစ်ရက်မှာတော့
သူ့အစီအစဉ်အားလုံးဟာမမျှော်လင့်ထားဘဲပေါ်လာခဲ့တဲ့လူတစ်ယောက်ကြောင့်
အကုန်လုံးကပျက်စီးသွားခဲ့ပီးတော့လူဆိုးတွေရဲ့အဖမ်းဆီးခံခဲ့ရပါတယ် ထိုလူရဲ့ထူးခြားလွန်းတဲ့စွမ်းအင်တွေကိုကြုံတွေ့လိုက်ရတဲ့

Video trailer

За гранью реальности

Beyond the Edge (2018) မြန်မာစာတမ်းထိုး

Synopsis

ဒီဇာတ်ကားကတော့ တစ်ခြား Batman animated Actionကားတွေနဲ့ယှဉ်ရင် တော်တော်လေးထူးခြားပါတယ် ဘာတွေထူးခြားလဲဆိုရင် Batman Ninjaဆိုတဲ့ဇာတ်ကားရဲ့ခေါင်းစဉ်အတိုင်းပဲ Batman ဇာတ်ကားမှာ နင်ဂျာတွေ ဆာမူရိုင်းတွေထူးထူးခြားခြားပါဝင်နေလို့ပါပဲ ဂေါ်ရီလာဂရော့ဒ်ရဲ့ Time Machine ကြောင့် Gotham မြို့ရဲ့ဒုစရိုက်သမားတွေနဲ့ Batmanတို့တခု ရှေးခေတ်ဂျပန်ပြည်ကိုရောက်သွားတယ်

Video trailer

Batman Ninja

Batman Ninja (2018) မြန်မာစာတမ်းထိုး

Synopsis

Burt Gummer ဆိုတဲ့သိပ္ပံပညာရှင်တစ်ယောက်ဟာ Graboids ဆိုတဲ့သတ္တဝါကြီးတစ်ကောင်
အာတိတ်ဒေသမှာသောင်းကျန်းနေတဲ့သတင်းကိုရရှိခဲ့ပါတယ် သူနဲ့အတူသူ့သားဖြစ်သူ Travis နဲ့အတူ
ထိုကိစ္စကိုစုံစမ်းတဲ့အချိန်မှာတော့ လူတစ်စုဟာ Graboids ဆိုတဲ့သတ္တဝါကြီးကိုထိန်းချုပ်ပီးတော့
လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်းကိုသိလိုက်ရချိန်မှာတော့ Graboids နဲ့ထိုလူတွေကို
တားဆီးဖို့အတွက်ကြိုးစားရပါတော့တယ်……..

Video trailer


Tremors: A Cold Day in Hell


Tremors: A Cold Day in Hell (2018) မြန်မာစာတမ်းထိုး

Synopsis

ဒီကားလေးကတော့ 2018 မှာဘဲထွက်ပီးတော့ရုံတင်သွားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
ယုန်လေးငါးကောင်ရဲ့အကြောင်းကိုအဓိကထားပီးရိုက်ကူးထားတဲ့ကားလေးပါ
Peter , Flopsy, Mopsy ,Cotton Tail နဲ့ Benjamin တို့ဟာ Mr McGregor ရဲ့ခြံထဲမှာ
ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကျတဲ့ယုန်ကလေးတွေဖြစ်ပါတယ် ဒါပင်မဲ့တစ်ရက်မှာတော့
McGregor တစ်ယောက်ရုတ်တရက်သေဆုံးသွားချိန်မှာတော့သူ့ရဲ့အမျိုးဖြစ်သူတစ်ဦးဟာ
ယုန်လေးတွေနေထိုင်ရာခြံကိုပိုင်ဆိုင်ဖို့ဖြစ်လာခဲ့ပါတယ်

Video trailer


Peter Rabbit

Peter Rabbit (2018) မြန်မာစာတမ်းထိုး

Synopsis

မိသားစုဟာ လူတစ်ယောက်အတွက် အရာအားလုံးပါပဲ တစ်နေ့မှာ Katja တစ်ယောက် သူ့မိသားစုကို ဗုံးပေါက်တဲ့ထဲမှာ ဆုံးရှုံးရပြီးတဲ့နောက် သူဘယ်လိုတွေ ခံစားခဲ့ရလဲ ဗုံးခွဲတဲ့ လက်သည်ကိုရော တရားခွင်မှာ ဘယ်လိုတွေ ဖော်ထုတ်သွားမလဲ သူ့မိသားစုအတွက် တရားမျှတမှုကိုရော ရသွားမလားဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် Crime Scene ဇာတ်ကားလေးပါ ဒီကားလေးက IMDB 7.3 အထိရထားပီးတော့ကြည့်လို့ကောင်းတဲ့ crime scene ကားလေးတစ်ကားဖြစ်ပါတယ်

Video trailer

Aus dem Nichts

In the Fade (2017) မြန်မာစာတမ်းထိုး

Synopsis

ဒီတခါကတော့ ငမန်း ဇတ်ကား နံပတ် ၂ ပေါ့နော် ။ ဇတ်ကားက စိတ်ဝင်စားဖို့ကောင်းပါတယ်၊ ငမန်းတွေကို ထိန်းသိမ်းထားပြီး သူတို့ကို အသိညဏ်ထည့်ပေးတာပါ။ နောက်ဆုံး သူတို့ ဘယ်လောက်ထိ အသိညဏ်ရှိလာပြီးဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားကြည့်သင့်တဲ့ဇတ်ကားလေးပါ။ အရင်က ထွက်တဲ့ Deep Blue Sea ထက် ပိုကောင်းတယ်လို့လဲ အကြံပေးပရစေ။ ငမန်း အကောင်လေးတွေကို ချစ်တက်ပြီး စိတ်ဝင်စားတဲ့သူတွေအတွက်လဲ ကောင်းတဲ့ ကြည့်သင့်တဲ့ ဇတ်ကားလေးဖြစ်ပါတယ် ။

Video trailer

Deep Blue Sea 2

Deep Blue Sea 2 (2018) မြန်မာစာတမ်းထိုး

Synopsis

Jenibel ဆိုတဲ့မိန်းမပျိုလေးဟာငယ်ရွယ်ချိန်ကကြုံတွေခဲ့ရတဲ့အတိတ်ဆိုးတွေကြောင့်
ကြောက်လန့်မှုကိုခံစားနေရတဲ့သူဖြစ်ပါတယ် အဲ့အဖြစ်ဆိုးတွေကြောင့်ဘဲသူမအဖေဖြစ်သူက
သူ့မကိုအဒေါ်ဖြစ်သူရှိသွားနေခိုင်းပီးပညာသင်ကြားစေခဲ့ပါတယ်
ဒါပင်မဲ့အဖေဖြစ်သူနေမကောင်းဖြစ်လာခဲ့တဲ့အတွက်အိမ်ပြန်လာချိန်မှာတော့
သူမရဲ့အတိတ်ကဖြစ်ရပ်တွေကစတင်ပီးပြန်လည်နှောင့်ယှက်လို့လာပါတယ်

Video trailer


Blood Honey

Blood Honey (2017) မြန်မာစာတမ်းထိုး

Synopsis

ဒီဇာတ်ကားလေးက ကလေးမလေးတစ်ယောက်တည်းနဲ့ တစ်ကားလုံးကိုသရုပ်ဆောင်သွားတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ် Stephanie လို့ခေါ်တဲ့ကလေးမလေး တယောက်ရှိပါတယ်သူမမှာ Francisလို့ခေါ်တဲ့လိပ်ရုပ်လေးကိုသူမဘယ်သွားသွားခေါ်သွားလေ့ရှိတယ် သူမရဲ့တိုင်ပက်ဖော်လေးပါ သူမရဲ့ မိဘနှစ်ပါးဟာသူမကို အရမ်းချစ်လို့ပဲ သူမရဲ့ထူးထူးဆန်းဆန်းဖြစ်ပျက်နေပုံကိုအမြဲအဖြေရှာလေ့ရှိပါတယ်  သူမကိုယ်ထဲမှာမကောင်းဆိုးဝါးက ဝင်ပူးရင်းတဖြည်းဖြည်းကြီးလာတဲ့အခါ သူမမိဘနှစ်ပါးကိုတောင်သတ်မိတဲ့အထိဖြစ်သွားပါတယ် ကျန်တာကိုတော့ ဇာတ်လမ်းထဲဆက်လက်ကြည့်ရှုကြပါ

Video trailer


Stephanie

Stephanie (2017) မြန်မာစာတမ်းထိုး


Synopsis

အသက် ၁၀ နှစ်ကတည်းက သွေးကင်ဆာကို ခံစားလာခဲ့ရပြီး
မိဘနှစ်ပါးလုံးမရှိခဲ့တဲ့နောက်ပိုင်း ကိုယ်တိုင်ရုန်းကန်ခဲ့ရတဲ့သူမ, အနံ့တွေကိုအဝေးကနေခွဲခြားနိုင်တဲ့ ကင်ဆောင်းမီ။
ရေကူးပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး ငါးပြတိုက်မှာ အလုပ်လုပ်နေတဲ့ လီဆောင်းဝူး။
သူတို့နှစ်ယောက် တီးလုံးသေတ္တာလေးနဲ့ပက်သက်လို့ ခင်မင်ရင်းနှီးသွားပြီးနောက်ပိုင်း
ဘယ်လောက်အတိုင်းအတာထိရင်းနှီးသွားမလဲ။

Video trailer


설해

Snow Is on the Sea 2015 မြန်မာစာတန်းထိုး

Synopsis

ဒီကားလေးကတော့အသစ်ထွက်ရှိလာတဲ့ street dance ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
Skyler ဆိုတဲ့အကသမားလေးဟာသူ့ဘဝရဲ့အရေးပါတဲ့အချိုးအကွေ့တစ်ခုကို
ကြုံတွေ့လာရပါတယ် အဲ့ဒါကတော့သူမကောလိပ်တတ်ဖို့ပညာသင်ဆုရဖို့အတွက်
ပြိုင်ပွဲတစ်ခုကိုအနိုင်ရဖို့လိုအပ်လာလို့ဘဲဖြစ်ပါတယ်

Video trailer


Honey: Rise Up and Dance

Honey: Rise Up and Dance (2018) မြန်မာစာတမ်းထိုး